Myanmar Engineering Web Portal: ငွေကြယ်တို့ ရဲ့ သမိုင်း

ငွေကြယ်တို့ ရဲ့ သမိုင်း

မှိန်ဖျော့တော့မယ့်
မိခင်ကြယ်တံခွန်ကြီးကို
ပြန်လင်းစေ ပြန်တောက်ပစေဖို့ 
စိန်ရတု ခန်းမမှာ
ငါတို့ သမိုင်းတွေ ရေးခဲ့ကြတယ်


မော်ကွန်းဝင် မခံရပေမယ့်
အမျက်တော်ရှခံရလို့ 
ငွေကြယ်ဘယ်နှပွင့်များ
လွင့်ကြွေခဲ့ရလဲ
ငွေကြယ်တွေက ဆိုးလို့ လား
စနစ်တွေက ဆိုးလို့ လား
ဦးသောင်းသတ်တိုင်း
အကြိမ်ကြိမ်ပြန်ထခဲ့ရတာ
စေတနာ လက်တဆစ်
ကြေညာချက် အသစ်တွေ
ဝေဒနာ တပွေ့တပိုက်တွေကြား
ငွေကြယ်တွေကတော့
ရေစီးထဲ စုန်ချည်ဆန်ချည်
မျောနေခဲ့တာ ကာလတစ်ခုတောင်
ကျော်ခဲ့ပြီပေါ့
AGT,BTech BE
စမ်းသပ်ခန်းထဲက ငွေကြယ်ပွင့်တွေတချို့
ခွံ့အထိုးခံ အညွန့် ချိုးခံ ခဲ့ရပြန်တယ်
မိခင်ကြယ်တံခွန်ကြီးမှာ
ဖဲဝိုင်းနှစ်သက်ပြီး
အမှန်တရားကို မြတ်နိုးတဲ့
ငွေကြယ်တွေလည်း ရှိခဲ့တယ်
ယမကာကို ခုံမင်ပြီး
ကားလ်မတ်ဒဿနကို
မြတ်နိုးတဲ့ ငွေကြယ်တွေလည်း လင်းလက်နေဆဲ
ငွေကြယ်တွေ ကျော်ဖြတ်ခဲ့တဲ့လမ်း
ကြမ်းချင်သလောက်ကြမ်း
ရိုင်းချင်းသလောက်ရိုင်း
မိခင်ကြယ်တံခွန်ကြီးကတော့
လင်းသထက် လင်းနေဦးမှာပဲ
ဟုတ်ပါတယ်
ငွေကြယ်တွေက ဂျလေဘီတွေပါ
ငွေကြယ်တွေက ပျက်စီးနေတာ
ငွေကြယ်တွေကို မရှိသင့်ဘူးလို့ ပြောတဲ့အခါ
ငွေကြယ်တွေက လင်းသထက်လင်းတဲ့အလင်းတွေ ပြန်ပေးခဲ့တယ်
အခုတော့ကော
သပနကထောင်းလိုက်
ကောင်စီကကြမ်းလိုက်
နှိမ်လိုက် စမ်းလိုက်နဲ့
ဒီလူတွေကြား မပြီးသေးတဲ့
သမိုင်းတစ်ခုကို ကြံ့ကြံ့ခံရင်း
ဆက်လင်းနေရဦးမှာပဲ
ငွေကြယ်တို့ ရေ
ရိုးသားစွာ ဝန်ခံရရင်
ငါတို့ ခြေရာ ငါတို့ သမိုင်းကို တွေးရင်း
ငိုချင်မိတယ်
ငါတို့ TU ငါတို့ ကြယ်တံခွန်က
လင်းလက်နေပေမယ့်လည်း
ဟိုးအမြင့်ကြီးက
အင်ယာကောင်စီကို ငေးကြည့်ရင်း
ငွေကြယ်လေးငိုပါတယ်

BTech Tin Ko Ko

သင်တန်း

    RC Structure Analysis and Design
    (လက်တွက်+ETABS+KSI Application)
    စသည့်သင်တန်းများစုံစမ်းရန်
    Contact - 09789444780

Created by BTech Tin Ko Ko.