Myanmar Engineering Web Portal: မျိုးဆက်သစ် အင်ဂျင်နီယာတွေ ရဲ့ အနာဂတ်တွေ ပျောက်ဆုံးတော့မည်လား

မျိုးဆက်သစ် အင်ဂျင်နီယာတွေ ရဲ့ အနာဂတ်တွေ ပျောက်ဆုံးတော့မည်လား

 မနှစ်ကရေးခဲ့သော post ဖြစ်သည်။


 မကြာသေးမီက ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ မြန်မာအင်ဂျင်နီယာကောင်စီ နည်းဥပဒေကို တရားဝင်ထုတ်ပြန်ခဲ့သည်။
မျိုးဆက်သစ် အင်ဂျင်နီယာများအတွက် ကောင်းမွန်သော အနာဂတ်၊ အကာအကွယ်ပေးနိုင်သော ဥပဒေ တစ်ရပ် ပေါ်ထွက်လာဖို့  လူငယ်အင်ဂျင်နီယာများမှ မျော်လင့်ခဲ့သော်လည်း လက်တွေ့ တွင်
မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ခဲ့ရသည်။
အင်ဂျင်နီယာ မှတ်ပုံတင်ခြင်းနှင့် ပတ်သတ်ပြီး အများနားလည်လွယ်အောင် ပြန်ရှင်းပြပါမည်။
ကောင်စီက အသိအမှတ်ပြုထားသော ဘွဲ့ နှင့် ဒီပလိုမာရထားသူများသည် မှတ်ပုံတင်ကြေးနှင့် နှစ်စဉ်းကြေး ပေးသွင်းပြီး
၁။အလုပ်သင် နည်းပညာ ကျွမ်းကျင်သူ လက်မှတ်
၂။အလုပ်သင်ဘွဲ့ ရ နည်းပညာ ကျွမ်းကျင်သူ လက်မှတ်
၃။အလုပ်သင် အင်ဂျင်နီယာ လက်မှတ်များ ကို လျောက်ထားနိုင်သည်။
အလုပ်သင်ကာလမှာ
၁။အလုပ်သင် နည်းပညာ ကျွမ်းကျင်သူ ၂နှစ်
၂။အလုပ်သင်ဘွဲ့ ရ နည်းပညာ ကျွမ်းကျင်သူ ၂နှစ်
၃။အလုပ်သင် အင်ဂျင်နီယာ ၄နှစ် ဟု သတ်မှတ်ထားသည်။
အလုပ်သင်ကာလပြီးဆုံးပါက
စာတွေ့ လူတွေ့ အောင်မြင်လာသူများ ကို
မှတ်ပုံတင် နည်းပညာ ကျွမ်းကျင်သူ
မှတ်ပုံတင် ဘွဲ့ ရ နည်းပညာ ကျွမ်းကျင်သူ
မှတ်ပုံတင် အင်ဂျင်နီယာ အဖြစ် လက်မှတ်များ ထုတ်ပေးမည်။
ထို့ နောက် မှတ်ပုံတင် အင်ဂျင်နီယာ များ၏ အရည်အချင်းပေါ်မူတည်ပြီး မှတ်ပုံတင် အကြီးတန်းအင်ဂျင်နီယာ နှင့်
မှတ်ပုံတင် ပညာရှင်အင်ဂျင်နီယာ လက်မှတ်များ ထုတ်ပေးမည်။
ကဲ ဇာတ်လမ်းက အခုမှ စပါပြီ။
အလုပ်သင်များသည် တွေ့ ကရာနေရာမှာ ၀င်လုပ်လို့ မရပါ။
ကောင်စီက အသိအမှတ်ပြုထားသော မှတ်ပုံတင် အကြီးတန်းအင်ဂျင်နီယာ နှင့်
မှတ်ပုံတင် ပညာရှင်အင်ဂျင်နီယာများ၏ လက်အောက်မှာ လုပ်ရမည်ဖြစ်သည်။
သာမန် မှတ်ပုံတင် အင်ဂျင်နီယာအဆင့်အောက်တွင်ပင် ၀င်လုပ်လို့ မရပါ။
အလုပ်သင်ကာလတွင် ထိုပညာရှင်ကြီးများမှ ကျေနပ်အားရကြောင်း၊သတ်မှတ် အရည်အချင်းနှင့်ပြည့်စုံကြောင်း ထောက်ခံချက်ရမှ
မှတ်ပုံတင် နည်းပညာ ကျွမ်းကျင်သူ
မှတ်ပုံတင် ဘွဲ့ ရ နည်းပညာ ကျွမ်းကျင်သူ
မှတ်ပုံတင် အင်ဂျင်နီယာ အရည်အချင်းစစ် စာမေးပွဲများသို့ ဖြေခွင့်ရမည်ဖြစ်သည်။
ထိုပညာရှင်ကြီးများမှ ကျေနပ်အားရကြောင်း၊သတ်မှတ် အရည်အချင်းနှင့်ပြည့်စုံကြောင်း မထောက်ခံလျှင်
မှတ်ပုံတင် နည်းပညာ ကျွမ်းကျင်သူ
မှတ်ပုံတင် ဘွဲ့ ရ နည်းပညာ ကျွမ်းကျင်သူ
မှတ်ပုံတင် အင်ဂျင်နီယာအရည်အချင်းစစ် စာမေးပွဲများသို့ 
ဝင်ရောက်ဖြေဆို ခွင့်ရတော့မည် မဟုတ်ပါ။
လက်ရှိမြန်မာပြည်တွင် မှတ်ပုံတင် အကြီးတန်းအင်ဂျင်နီယာ နှင့်
မှတ်ပုံတင် ပညာရှင်အင်ဂျင်နီယာ အရေအတွက် မည်မျှရှိပါသနည်း။
လက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းနှင့် မှတ်ပုံတင် အကြီးတန်းအင်ဂျင်နီယာ နှင့်
မှတ်ပုံတင် ပညာရှင်အင်ဂျင်နီယာ ကို အချိုးချကြည့်ပါ။
တစ်နှစ်တစ်နှစ် ကျောင်းဆင်းလာသော ဘွဲ့ ရ အင်ဂျင်နီယာလောင်းအားလုံးကို အလုပ်သင်အဖြစ် လေ့ကျင့်ပေးဖို့ ကော အလုံအလောက်ရှိပါသလား။
ထိုကျောင်းဆင်းများ၏ အလုပ်သင်လစာကို ထိုက်ထိုက်တန်တန် ပေးနိုင်ပါသလား။
လေးနှစ်ဆိုသော အချိန်ကို လစာ တစ်ပဲခြောက်ပြားထဲနှင့် လုပ်နိုင်မည့် အင်ဂျင်နီယာ ကျောင်းဆင်း ဘယ်နှစ်ယောက်ရှိမည်နည်း။
ဒါက မြို့ ပြ အင်ဂျင်နီယာကိုပဲ အထူးပြု ပြောတာပါ။ တခြား မေဂျာတွေကို ထည့်မပြောသေးပါ။
မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို ကိုယ့်အထက်က မှတ်ပုံတင် အကြီးတန်းအင်ဂျင်နီယာ နှင့် မှတ်ပုံတင် ပညာရှင်အင်ဂျင်နီယာ ကို သဘောမကျသော်လည်း အင်ဂျင်နီယာ လက်မှတ် စာမေးပွဲ ဖြေဆို ခွင့်ရဖို့  ထောက်ခံချက်တစ်ခုအတွက် အချိန်တွေ၊ငွေတွေ ထပ်ပြီး အကုန်ခံရပေတော့မည်။
လေးနှစ်သည် လေးလမဟုတ်။ပုထုဇဉ်လူသားများသည် စိတ်အခန့် မသင့်လျှင် အလုပ်ထွက်နိုင်သည်။လေးနှစ်လုံးလုံး အလုပ်လုပ်ပေးခဲ့သော်လည်း မှတ်ပုံတင် အကြီးတန်းအင်ဂျင်နီယာ နှင့် မှတ်ပုံတင် ပညာရှင်အင်ဂျင်နီယာများက မကြည်ဖြူ မထောက်ခံလျှင် အချိန်ကုန် လူပင်ပန်းမှုသာ အဖတ်တင်ပေတော့မည်။
အခု မှတ်ပုံတင်အင်ဂျင်နီယာ လျောက်ထားမှုကိုဆက်ပြောပါမည်။
အခု မှတ်ပုံတင်အင်ဂျင်နီယာ လျောက်ထားလိုသူများသည် ကောင်စီမှ ပို့ ချသော သင်တန်းကို အနည်းဆုံး နာရီ ၃၀ ခန့် တက်ရောက်ရပေဦးမည်။
ထိုသင်တန်းက အခမဲ့လား သို့ မဟုတ် အခကြေးငွေနှင့်လား လည်း သိလိုပါသည်။
ပြီးလျှင် အခြေခံရေးဖြေ စာမေးပွဲကို မနက်ပိုင်းတွင် နှစ်နာရီဖြေဆိုရမည်။
မနက်ပိုင်း အခြေခံစာမေးပွဲ အောင်မြင်မှသာ ညနေပိုင်း အဆင့်မြင့်စာမေးပွဲ ဖြေဆိုခွင့်ရပေမည်။
ထို့ နောက် အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော အစီရင်ခံစာ ၅စောင် တင်သွင်းရပေးဦးမည်။
ထို့ နောက် အနည်းဆုံး အဖွဲ့ ဝင်သုံးဦးပါဝင်သော လူတွေ့ စစ်ဆေးမှုကို ခံယူရမည်။
ထို သို့ အဆင့်ဆင့် အောင်မြင်လာသူများကို မှတ်ပုံတင်အင်ဂျင်နီယာ
အဖြစ် အသိအမှတ်ပြုမည် ဖြစ်သည်။
သို့ သော် မှတ်ပုံတင် အင်ဂျင်နီယာ ဖြစ်လာသော်လည်း အင်ဂျင်နီယာ လုပ်ငန်းများကို လုပ်ကိုင်ခွင့်မရသေးပါ။
မှတ်ပုံတင် အကြီးတန်းအင်ဂျင်နီယာ နှင့် မှတ်ပုံတင် ပညာရှင်အင်ဂျင်နီယာများ၏ ကွပ်ကဲမှုအောက်တွင်သာ လုပ်ကိုင်ရမည်ဟု
ပုဒ်မ ၁၀၃ တွင်ဖော်ပြထားသည်။
အလွန်ကြိုးစားသော BE ဘွဲ့ ရကျောင်းဆင်းတစ်ယောက် လုပ်ပိုင်ခွင့် အပြည့်အ၀ ရမည့် မှတ်ပုံတင် ပညာရှင်အင်ဂျင်နီယာ
ရောက်သည်အထိ ကြာမည့်အချိန်ကာလ(ခန့် မှန်းကာလ)
အလုပ်သင်ကာလ ၄နှစ်
မှတ်ပုံတင် အင်ဂျင်နီယာ ၂နှစ်
မှတ်ပုံတင် အကြီးတန်းအင်ဂျင်နီယာ ၂နှစ်
အဆင့်ဆင့်ကျော်ဖြတ်ပြီးနောက် မှတ်ပုံတင် ပညာရှင်အင်ဂျင်နီယာ အဖြစ် ရပ်တည်နိုင်ပါမည်။
(အလွန်ကြိုးစားမှသာ)
တခြား AGTI နှင့် BTech ဘွဲ့ ရများ ဒီ့ထက်မက ပိုရုန်းကန်ရပေတော့မည်။
ကျွန်တော့် အနေဖြင့် ဘာကိုမှ မဝေဖန်ချင်တော့ပါ။
အင်ဂျင်နီယာ ဘွဲ့ ရ အင်ဂျင်နီယာလူငယ်များ နိုင်ငံကို ခေတ်မီဖွံ့ ဖြိုးအောင် ဦးဆောင်မည့် မြင်ကွင်းကိုသာ မြင်လိုပါသည်။
အင်ဂျင်နီယာ ဘွဲ့ ရ အင်ဂျင်နီယာလူငယ်များ အင်ဂျင်နီယာလောကကို စိတ်ကုန်ပြီး ဈေးရောင်းစားနေသည့် မြင်ကွင်းမျိုးကို မလိုချင်ပါ။
ထို့ ကြောင့် ဒီစာကိုရေးမိသည်။
လွန်တာရှိ ခွင့်လွတ်ကြပါကုန်။
မအားတဲ့ ကြားက ရေးရတာကြောင့်ဖတ်ရတာ အဆင်ချောချင်မှ ချောပါမည်။
နောက်များမှ အေးဆေး ဆက်ရေးပါဦးမည်။

BTech Tin Ko Ko (Founder @ Myanmar Engineering Web Portal)

သင်တန်း

    RC Structure Analysis and Design
    (လက်တွက်+ETABS+KSI Application)
    စသည့်သင်တန်းများစုံစမ်းရန်
    Contact - 09789444780

Created by BTech Tin Ko Ko.