Myanmar Engineering Web Portal: Estimation ဆိုတာဘာလဲ? Estimate ဆိုတာဘာလဲ?

Estimation ဆိုတာဘာလဲ? Estimate ဆိုတာဘာလဲ?

Estimation ဆိုတာဘာလဲ?
မြန်မာလို ပြောရရင် ခန့် မှန်းယူဆချက်ပေါ့။

ပိုပြီးပြည့်ပြည့်စုံစုံပြောရရင် Project ဒါမှမဟုတ် လုပ်ငန်းတစ်ခုခု အကောင်အထည်မဖော်ခင်မှာ ခန့် မှန်းကုန်ကျစရိတ်ကို သိပ္ပံနည်းကျ ခန့် မှန်းတွက်ချက်တာပဲ။
ခန့် မှန်းတွက်ချက်တယ်ဆိုမှတော့ Project ပြီးသွားတဲ့အခါ တကယ်ကုန်မယ့် ကုန်ကျစရိတ်နဲ့  ကွာခြားချက်တွေ ရှိမှာပဲ။
ခန့် မှန်းတွက်ချက်တယ်ဆိုတာကလည်း ရမ်းတန်းပြီး ခန့် မှန်းလို့ မရသေးဘူးလေ။
ပြောပြီးပါကော။
သိပ္ပံနည်းကျ ခန့် မှန်းတွက်ချက်တာပါလို့ ။
ဒီတော့ ခန့် မှန်းတွက်ချက်ဖို့ ရာ သိထားသင့်တာလေးတွေ ရှိလာတော့ပေါ့။
အဲ့ဒါတွေက ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ
ဆောက်လုပ်ရေးလုပ်ငန်းမှာ သုံးမယ့် ပစ္စည်းနဲ့ အလုပ်သမားတွေရဲ့ ကုန်ကျစရိတ်တွေ ကို နှံ့ နှံ့ စပ်စပ် သိထားဖို့ ပဲ။
ဒါတင်ပဲလား။ မရသေးဘူး။
ခန့် မှန်းတွက်ချက်တော့မယ်ဆိုရင် ကိုယ်တိုင်က ကိုယ်လုပ်ရမယ့် အပိုင်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှုရှိရဦးမယ်။အတွေ့ အကြုံလေးကလည်း လိုသေး။
အမြော်အမြင်လေးကလည်း ရှိဦးမှ။
ဝေဖန်ပိုင်းခြားနိုင်စွမ်းလေးပါ ပါရင်ပိုကောင်းတာပေါ့။



Estimate ဆိုတာဘာလဲ?
Estimation နဲ့ တူသယောင်ပဲ။
ဒါပေမယ့် နည်းနည်းလေး ကွာတာက သူကို ခန့် မှန်းတွက်ချက်မှုလို့ ဘာသာပြန်ကြတယ်။
ယူဆချက်နဲ့ တွက်ချက်မှုကွဲတယ်ဆိုတာတော့ သိကြမှာပေါ့။
ကဲဆက်ပြောရရင် ခန့် မှန်းတွက်ချက်မှုဆိုတာ Construction လုပ်ငန်းတစ်ခုကို ပေးထားတဲ့ Plan တွေ Specification တွေကနေ ဖြစ်နိုင်ဖွယ်ရှိတဲ့ ကုန်ကျစရတ်ကို ခန့် မှန်းတွက်ချက်တာပေါ့။
ဥပမာ Slab လောင်းမယ့် လုပ်ငန်းအတွက် ခန့် မှန်းကုန်ကျစရိတ်တွက်ပေးရတာမျိုးပေါ့။
ကောင်းမွန်တဲ့ ခန့် မှန်းတွက်ချက်မှုဟာ လုပ်ငန်း အကောင်အထည်ဖော်နေရင်းက ပုံမှန် မဟုတ်တဲ့အခြေအနေတွေ ကြိုမမြင်နိုင်တဲ့ အခြေအနေတွေနဲ့  ကြုံတွေ့ ခဲ့ရရင်တောင် လုပ်ငန်းပြီးဆုံးသွားရင် တကယ်ကုန်ကျတဲ့ ကုန်ကျစရိတ်နဲ့ ကွာဟမှုဟာ 10% ထက်မကျော်သင့်ပါဘူး။

ESTIMATION

Estimation is the scientific way of working out the approximate cost of an engineering project before execution of the work.
It is totally different from calculation of the exact cost after completion of the project.
Estimation requires a thorough Knowledge of the construction procedures and cost of materials & labor in addition to the skill , experience, foresight and good judgment.

ESTIMATE

An estimate of the cost of a construction job is the probable cost of that job as computed from plans and specifications.
For a good estimate the, actual cost of the proposed work after completion should not differ by more than 5 to 10 % from its approximate cost estimate, provided there are no unusual, unforeseen circumstances.

မိတ္ထီလာမြို့ တွင် ပို့ ချခဲ့သော သင်ခန်းစာကို ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
ရှေ့ တစ်ပတ်ဆက်ရန် သင်ခန်းစာ  Need for Estimate

BTech Tin Ko Ko




သင်တန်း

    RC Structure Analysis and Design
    (လက်တွက်+ETABS+KSI Application)
    စသည့်သင်တန်းများစုံစမ်းရန်
    Contact - 09789444780

Created by BTech Tin Ko Ko.