Myanmar Engineering Web Portal: Knowledge Equation for Smart Engineer

Knowledge Equation for Smart Engineer

မြို့ ပြအင်ဂျင်နီယာ ကျောင်းသားဘ၀တုန်းက Survey တို့  Estimate တို့ စတဲ့ အင်ဂျင်နီယာ ပညာရပ်တွေကိုမြို့ ပြ အင်ဂျင်နီယာတိုင်း သင်ယူခဲ့ဖူးမှာပါ။

တကယ်တော့ ကျောင်းတုန်းက ကျနော်တို့ တွေဟာ Data လို့ ခေါ်တဲ့ ပညာရပ်ဆိုင်ရာ အချက်အလက်တွေကို စုစည်းခဲ့ကြတာဖြစ်ပါတယ်။
အချက်အလက်ဆိုတာက စာမေးပွဲဖြေလို့ ရရုံကလွဲပြီး ဘာမှမယ်မယ်ရရ အသုံးမ၀င်သေးဘူးပေါ့။

နောက် ကျောင်းပိတ်ရက်တွေမှာ လက်တွေ့ တွေ၊ Field တွေဆင်းရတော့ ကျွန်တော်တို့ သိခဲ့တဲ့ Data တွေဟာ Information အဆင့်ကို ရောက်လာခဲ့ပါတယ်။ဒါပေမယ့် အကျိုးကျေးဇူး ကြီးကြီးမားမားတော့ မဖြစ်သေးပါဘူး။
ဘယ်နေရာမှာ ဘယ်လို အသုံးချရလဲဆိုတာ သိရုံလောက်ပဲ ဖြစ်ပါတယ်။
နောက်ဆုံးအဆင့် Knowledge ကတော့ ကျောင်းပြီးလို့ လုပ်ငန်းခွင် ၀င်တဲ့အခါရရှိပါတယ်။
ဘယ်ပညာရပ်ကို ဘယ်နေရာမှာ ဘယ်လို အသုံးချရလဲဆိုတဲ့ အဆင့်ကနေ မိမိတာဝန်ယူရတဲ့ လုပ်ငန်း လက်တွေ့ အောင်မြင်အောင်၊အကောင်အထည်ပေါ်အောင် ဘယ်လို စီမံဖန်တီးရလဲဆိုတဲ့ Level တစ်ခုကို ရရှိလာပါတယ်။
ဒီLevel ကိုတော့ Knowledge လို့ ခေါ်ပါတယ်။ Knowledge ကို ကျောင်းတုန်းက စဉ်ဆက်မပြတ် ဖြည့်ဆည်းခဲ့တဲ့ Data နဲ့ Information ကို လုပ်ငန်းခွင် Experience နဲ့ ပူးတွဲပြီးဖော်ဆောင်နိုင်ပါတယ်။
Equation နဲ့ ပြရင်တော့
Education=Data+Information
Knowledge=Education+Experience ဆိုပြီး ရပါတယ်။
ဒါပေမယ့် Education က လုပ်ငန်းခွင်ဝင်တဲ့နေရာမှာ ဆက်လက်လိုအပ်နေမှာ ဖြစ်ပါတယ်။
နည်းပညာအသစ်တွေပေါ်လာတိုင်း ကျွန်တော်တို့ ဟာ Data နဲ့ Information ကို ဆက်လက်စုဆောင်းနေရမှာဖြစ်ပါတယ်။
ဒါမှလည်း Data+Information+Experience နဲ့ ကိုယ့်ကိုယ်ကို အမြဲ Update ဖြစ်အောင် မွမ်းမံနေတဲ့ Smart Engineer ကောင်းတစ်ယောက် ဖြစ်လာနိုင်မှာ ဖြစ်ကြောင်းရေးသားလိုက်ပါတယ်။
BTech Tin Ko Ko

သင်တန်း

    RC Structure Analysis and Design
    (လက်တွက်+ETABS+KSI Application)
    စသည့်သင်တန်းများစုံစမ်းရန်
    Contact - 09789444780

Created by BTech Tin Ko Ko.