Myanmar Engineering Web Portal: ကျနော် နားလည်မိသော MEngC နည်းဥပဒေ

ကျနော် နားလည်မိသော MEngC နည်းဥပဒေ

ကျနော်နားလည်ထားသလို မဟုတ်ပါက တတ်သိနားလည်သူများ ပုဒ်မနံပါတ်နှင့်တကွ ရှင်းပြပေးစေလိုပါသည်။
(ဥပဒေကို တကယ်ဖတ်ပြီးသူများသာ ရှင်းလင်းပေးပါရန်)

MEngC Law အရ RSE,PE ရမှ 6m အထက်ဆောက်လုပ်ခွင့်ရှိမည်ဟု သိရသည်။
တနည်း ဘဘတို့ ပြောစကားအရ 6m အထက်ကို တာဝန်ယူ ဆောက်လုပ်ခွင့် ရှိသည်ဟု သိရသည်။
(တာဝန်ယူဆိုသော စကားကို ထည့်ထားပေးပါသည်။)

စကားကပ်ပြောတာမဟုတ်ရပါ။ ဒီနေရာမှာ 6m ကို သတိရလို့ မေးလိုက်ပါဦးမည်။
တစ်နိုင်ငံလုံးမှာ ရှိသမျှကျောင်းတွေမှာ FPS စနစ်ဖြင့် သင်ကြားပေးနေပါသည်။
ဆောက်လုပ်ရေုးလုပ်ငန်းများတွင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် FPS စနစ်သာ အသုံးများပါသည်။
ဥပဒေဆွဲတော့မှ SI ယူနစ်ကိုဖော်ပြတော့ နားမလည်ဖြစ်ရပါသည်။
(ဒီအချက်ကတော့ လုံးဝအရေးမကြီးပါ။သတိထားမိလို့ ပြောလိုက်ခြင်းသာ)

ဆက်ရှင်းပါမည်။
နည်းဥပဒေအရ BE ဘွဲ့ ရအနေဖြင့်
ဘွဲ့ ရပြီးနောက်ပိုင်း ကောင်စီတွင် အလုပ်သင်မှတ်ပုံတင် အင်ဂျင်နီယာ အဖြစ်လျောက်ထားရမည်။
PE တစ်ဦးဦး၏ လက်အောက်တွင် အလုပ်သင် ကာလလေးနှစ် တာဝန်ထမ်းဆောင်ရမည်။
ထိုသို့ ထမ်းဆောင်ခဲ့မှုကို သက်ဆိုင်ရာ RSE သို့ မဟုတ် PE ကကျေနပ်အားရဖွယ်ရှိကြောင်း ထောက်ခံချက် ပေးမှ RE ဖြေခွင့်လျောက်ထားနိုင်မည်။
အလုပ်သင် အင်ဂျင်နီယာ အဖြစ်တာဝန်ထမ်းဆောင်နေစဉ်အတွင်း ကောင်စီကို မှတ်ပုံတင်ကြေးသွင်းနေရဦးမည်။

လုပ်ချင်သည် ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ PE တစ်ဦးဦး၏ လက်အောက်တွင်
သူတို့ ပေးသော လစာနှင့် လေးနှစ်အောင့်အီးပြီး ထောက်ခံချက် ယူရဦးမည်။
(ဒါ မြန်မာပြည်ဆိုတာ နားလည်ပါသည်။အသိတွေ အကပ်တွေနှင့် ထောက်ခံချက်ယူရတာ မခက်မှန်းလည်း ကောင်းကောင်း သိပါသည်။

သို့ သော်
လမ်းမှန်သွားလိုသူ ကျောင်းဆင်းလူငယ်တစ်ယောက် အနေနဲ့ ဆိုလျှင် ခက်ခဲပေလိမ့်မည်။)
အလုပ်သင်မှတ်ပုံတင် နှစ်စဉ်ကြေးလည်းသွင်းရ
RSE သို့ မဟုတ် PE တစ်ဦးဦး၏ လက်အောက်မှာ ရသလောက်လစာနဲ့ လည်း လုပ်ရ
ဒီကြားထဲ CPD /EPDဆိုတာတွေကို လိုက်တက်ရဦးမည်။
CPD/EPD hour ဆိုတာ အလကားမပေးမှန်းသိထားပါသည်။

ထိုCPD/EPD hour တွင် ကိုယ်သိချင်တာရော မသိချင်တာရော ပါနိုင်သည်။
(ဘာဖြစ်လဲ မသိချင်တာတွေ နားမလည်တာတွေ ပြောတဲ့အခါ တရေးအိပ်ကြတာပေါ့။
အိပ်ပျော်နေသူများကို ကိုယ်တွေ့ ကြုံဖူးလို့  ထည့်ပြောလိုက်ခြင်းသာ။)

ကဲထားပါတော့။
အလုပ်သင်၎နှစ်ပြည့်လို့  သက်ဆိုင်ရာ ဘဘကပေးတဲ့ထောက်ခံချက်လည်းရပြီ၊
ကောင်စီကိုလည်း နှစ်ကြေးမှန်မှန်ကျွေး အဲလေ ယောင်လို့  မှန်မှန်ပေး
CPD/EPD Hour တွေ လိုက်ယူတာ နာရီ 30 လည်းပြည့်
ဒါဆို အိုကေပြီလေ။

RE ဖြေလို့ ရပြီပေါ့။
သို့ သော် ရေးဖြေစာမေးပွဲကို မနက်ပိုင်းနှစ်နာရီ ညနေပိုင်းနှစ်နာရီ(အခြေခံ)
အခြေခံအောင်မှ မနက်ပိုင်း နှစ်နာရီ ညနေပိုင်းနှစ်နာရီ(အဆင့်မြင့်) ကိုဆက်ဖြေရမည်။
ဒီမှာတင် မပြီးသေး။

စာလုံးရေနှစ်ထောင်မှ လေးထောင်အထိရေးထားသော အင်္ဂလိပ်လို အစီရင်ခံစာ ငါးစောင် တင်ပေးရမည်တဲ့။
အင်္ဂလိပ် skill လိုအပ်နေသူများ ယခုကတည်းက အင်္ဂလိပ် skil တက်အောင် လေ့ကျင့်ပါတော့။
(မရေးတတ်လည်း ကိစ္စမရှိ။ကိုယ်စားရေးခိုင်းမှာပေါ့။ကျနော်တောင် အဲ့ဒီဝန်ဆောင်မှုအတွက် ခုထဲက
သင်တန်းတက်ထားမလားမို့ ။စတာပါ စတာပါ အမိုက်မဲလေးမို့ ခွင့်လွှတ်ပါ။)
ဒီမှာတင် မပြီးသေးဘူး။

အနည်းဆုံး ၃ဦးပါတဲ့ အဖွဲ့ က နှုတ်ဖြေ စစ်ဦးမတဲ့။
ကဲ အားလုံး အောင်မြင်ပြီဆိုတော့ REရပြီပေါ့။
RE ရလို့ ပျော်မနေနဲ့ ဦး။

ဘာမှ တာဝန်ယူဆောက်ခွင့် မရှိဘူး။
လုပ်ပိုင်ခွင့်က 6m ထက် မပိုဘူး။
အလုပ်သင်တုန်းက အတိုင်းပဲ။
ထူးခြားသွားတာက RE ဖြစ်သွားလို့  နှစ်စဉ်ကြေးတိုးသွားတာပဲ။
RSE သို့ မဟုတ် PEရဲ့  လက်အောက်မှာပဲ ဆက်လုပ်နေရဦးမှာပဲ။
လုပ်သက် နှစ်နှစ်လောက် ထပ်စောင့်။

  နှစ်နှစ်ပြည့်ရင် RE ဖြေတုန်းက အတိုင်း ထပ်ရုန်း။
RSE ဖြေခွင့်ရ။(အဲ့အချိန် စာမေးပွဲတွေ ဆက်တိုက် အောင်နေခဲ့ရင်တော့ ကောင်းမှာပေါ့လေ။)
ကျခဲ့ရင်တော့ အသက်တွေကြီးကုန်ပြီး နာမည်ရှေ့  Engr တပ်ခွင့် မရသေးပဲ ဖြစ်နေဦးမယ်။
RSE ရသွားတော့ 6m အထက်ဆောက်ခွင့် ပေးပါပြီတဲ့။ ကောင်စီကို RSE မှတ်ပုံတင်ကြေးသွင်းဖို့ မမေ့နဲ့ဦး။
ကဲ RSE အဆင့်မှာ ok ရင် PE ယူဖို့ ကြိုးစားပေးတော့။
တစ်ခု သိထားတာက အစိုးရအလုပ်တွေအတွက် RSE တွေ PE တွေ မယူလည်းဖြစ်တယ်တဲ့ဗျာ။
ကဲကျနော် သိသလို နားလည်သလို ရေးထားပါတယ်။

တချို့ ဘဘတွေကတော့ပြောပါတယ်။
 RSE တွေ PE တွေ မလိုပဲ အင်ယာ အလုပ်တွေ လုပ်လို့ ရပါတယ်တဲ့ ။
6m အောက်တွေပေါ့။
ကိုယ့်ကိုယ် ကို ပြန်မေးပါ။ တစ်သက်လုံး autocad ဆွဲစားမှာလား။ site အင်ယာ အဖြစ်နဲ့ သူများ လက်အောက်မှာ တစ်သက်လုံး နေနေမှာလား။

အချိန်လွန်မှ သူများတွေ PE ယူတာကြည့်ပြီး နောင်တရနေရင် အလုပ်သင်မှတ်ပုံတင် အင်ယာ ဘ၀ကနေ ပြန်စနေရဦးမယ်။

(ယခု post သည် dec 2015 နောက်ပိုင်း အတွက်ကိုသာ ရည်ရွယ်ပါသည်။ယခု စစ်ဆေးတော့မည့် RE RSE PE စာမေးပွဲများကို မဆိုလိုပါ။)
ဒါကတော့ ခင်ဗျားတို့ ရဲ့ ရွေးချယ်မှုပါ။
ကိုယ့်ကိုယ်ကို ပြန်မေးပါ။
ဒီအချိန်မှာ သူတို့ ဘာလုပ်မှာလဲ။
ငါကောဘာလုပ်မှာလဲ ။
ထပ်ပြောရရင်တော့ ခင်ဗျားတို့ ရဲ့ ရွေးချယ်မှုပါက အဓိကပါပဲ။

(ယခု post တွင် BE ဘွဲ့ ရကို သာ အခြေခံရှင်းထားပါသည်။BTech GTI များ ဒီထက့်မက ရုန်းကန်ရနိုင်သည်။)

ကောင်စီ ရှိလာတာ ၀မ်းသာသည်။
PE Level ကို အဆင့်မြှင့်မှာ လက်ခံသည်။
ရန်ကုန်မြို့ မှာ ကောင်စီရုံးချုပ်ရှိတာ သဘောကျသည်။
ထို အချက်များမှလွဲပြီး ကျန်အချက်များကိုတော့
ကျနော့် တယောက်တည်း အမြင်အရ သဘောမကျပါကြောင်း
အလုပ်သင်ကာလ ၄နှစ် နှင့် RE နှစ်နှစ် ပေါင်း ခြောက်နှစ် မှာ 6m အောက်ကို သာ တာဝန်ယူရမည်ကို သဘောမကျပါကြောင်း။

စာမေးပွဲကို ခက်အောင်စစ်ပါ။
လူငယ်လည်း ကြိုးစားရင် ထူးချွန်ရင် လူငယ်ကို လက်မှတ်ပေးပါ။
လူကြီးလည်း ကြိုးစားရင် ထူးချွန်ရင် လူကြီးကိုလည်း လက်မှတ်ပေးပါ။
မကြိုးစားသူများ သူ့ အလိုလို နောက်ရောက်သွားပါမည်။
လုပ်သက်နှင့် ခွဲခြားမှုကို သဘောမကျပါကြောင်း။
(သင့်တင့်သော လုပ်သက်တော့ ထားသင့်ပါကြောင်း)
ပြောစရာတွေ ကျန်သေးသည်။ နောက်မှ ဆက်ရေးပါဦးမည်။

BTech Tin Ko Ko

သင်တန်း

    RC Structure Analysis and Design
    (လက်တွက်+ETABS+KSI Application)
    စသည့်သင်တန်းများစုံစမ်းရန်
    Contact - 09789444780

Created by BTech Tin Ko Ko.