Myanmar Engineering Web Portal: RC Structure Design Philosophy

RC Structure Design Philosophy

1900ခုနှစ်ကနေပြီး 1960ခုနှစ် ကာလတွေတုန်းက ကွန်ကရစ်နဲ့ သံချောင်းတွေရဲ့ allowable stress တွေကို ခံနိုင်ရည်အားရဲ့ထက်ဝက်သို့ မဟုတ် ထက်ဝက်ကျော်ထိ structure ကို safety ဖြစ်အောင် ခန့် မှန်းယူခဲ့ကြတယ်။
BTech Tin Ko Ko's photo.

Safety factor တွေကိုတော့ အဲ့တုန်းက ဘယ်လိုယူရမလဲဆိုတဲ့ code တွေရှိခဲ့ပါတယ်။
သက်ရောက်တဲ့ load တွေကိုတော့ factor တိုးပြီး မယူခဲ့ကြပါဘူး။

အဲ့ဒီလိုယူဆပြီးတွက်ချက်တဲ့ method ကို working stress method လို့ ခေါ်ပါတယ်။
Working Stress Method ရဲ့Design Principle ကတော့


R/FS >L ပါပဲ။
R=resistance of structural element
FS=Safety Factor
L=Applied external load


ဒါပေမယ့် working stress methodက element တွေရဲ့ခံနိုင်ရည်အားကို အများကြီးလျော့ယူရတာမို့ Economical မဖြစ်ခဲ့ပါဘူး။
အဲ့ဒီခေတ်က ဆောက်ခဲ့တဲ့Building Structure တွေရဲ့အရွယ်အစားတွေကို ကြည့်ရင် သိနိုင်ပါတယ်။


1950မှာ Ultimate Strength Method ဒါမှမဟုတ် Load Factor Method ဆိုပြီးပေါ်လာပြန်တယ်။
သူကတော့ structure ပေါ်သက်ရောက်မယ့် load တွေကို Factor တိုးပြီးယူတယ်။ဒါပေမယ့် ကြောက်စရာကောင်းတာက Resistance ကို ဘာSafety Factorနဲ့မှ မလျော့ဘူး။
ဒီတော့ ဘာဖြစ်လဲဆိုရင်
economical ဖြစ်တယ်လေ။
ဒါပေမယ့် slender section တွေဖြစ်ကုန်တော့ deformation တွေဖြစ်ပြီး
building တွေနေမကောင်း ဖြစ်ကုန်ရော။

သူရဲ့ Design Principleက
R>LF
R=resistance
LF=load factor

1970ကိုရောက်လာတော့ Limit State Method ဆိုတာပေါ်လာတယ်။
ဒီmethodက အပေါ်မှာပြောခဲ့တဲ့ သူ့ ရဲ့ နောင်တော်method တွေရဲ့အားနည်းချက်တွေကို ပြုပြင်ခဲ့တယ်။
ဒီmethodက economicalဖြစ်ပြီ structure strength ကိုကောင်းစေတယ်။

ဒီကနေ့ ကျနော်တို့ သုံးနေတဲ့ method ပဲဆိုပါတော့။
သူရဲ့Design Principleက
safety strength factor x R => LF
safety strength factorက resistanceတွေကို safety ဖြစ်အောင် လျော့ချပေးပေမယ့် Working Stress Method တုန်းကလို element တစ်ခုချင်းစီကို ထက်ဝက်သို့ မဟုတ် အဲ့ထက်မက လျော့ချနေတာ မဟုတ်ပါဘူး။ACI အရ flexure without axial load သက်ရောက်တယ်ဆိုရင် resistance အတွက် 0.9ကို safety strength factor အဖြစ်ထားပါတယ်။

ဒီလောက်ဆို RC Design Philosophy နဲ့ Method ၃မျိုးအကြောင်း
ကို ရိပ်စားမိမယ်လို့ မျှော်လင့်ပါတယ်။
ref:VTU Learning

By BTech Tin Ko Ko


သင်တန်း

    RC Structure Analysis and Design
    (လက်တွက်+ETABS+KSI Application)
    စသည့်သင်တန်းများစုံစမ်းရန်
    Contact - 09789444780

Created by BTech Tin Ko Ko.