Myanmar Engineering Web Portal: Smart ကျသော ပညာအရည်အချင်း

Smart ကျသော ပညာအရည်အချင်း

ပညာအရည်အချင်းဟာ လူတစ်ယောက်ရဲ့ သွင်ပြင် စရိုက်ကိုထင်ဟပ်စေပါတယ်။
လူတိုင်းကတော့ ကိုယ့်ကိုယ်ကို တော်တယ်တတ်တယ် လို့ ပဲ အထင်ခံချင်ကြပါတယ်။

BTech Tin Ko Ko's photo.

ဟုတ်ပါပြီ...တကယ်လို့  သင်ကလူတော်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်
သင့်ရဲ့ တော်တဲ့တတ်တဲ့ Level ကိုတော့ ဆန်းစစ်ရမှာပေါ့........
သင့်ရဲ့ ပညာအဆင့်အတန်းကို ဘွဲ့ ရတွေက လက်ခံရင်
သင့်ရဲ့  Level က ဘွဲ့ ရတွေနဲ့ ပဲ ယှဉ်နိုင်ပါတယ်။

ပါရဂူတွေက အသိအမှတ်ပြုလည်း သင့်ရဲ့ တော်ခြင်းက ပါရဂူတွေနဲ့ ယှဉ်ပြီးတော်ခြင်းမျိုးပါ။
မူလတန်းနဲ့ ယှဉ်ရင်တော့ မူလတန်းအဆင့်ပဲရပါမယ်။
ဒါပေမယ့် ကိုယ့်ထက်ညံ့ တဲ့လူတွေနဲ့ တော့ မယှဉ်မိဖို့ လိုပါတယ်။

ပညာလို့ ဆိုရာမှာ ကျောင်းပညာကိုပဲဆိုတာ မဟုတ်ပါဘူး....
အတွေ့ အကြုံကလည်း ပညာတစ်ရပ်ဖြစ်ပါတယ်။

အဓိကကတော့ ကိုယ်တတ်ထားတဲ့ ပညာကို ဘယ်လို အသုံးချမလဲ ဆိုတာဖြစ်ပါတယ်။
ကျွန်တော် Barcamp Thanlyin TU မှာ ဟောပြောခဲ့ဖူးတဲ့ Equation လေးကို ပြန်ဖော်လိုက်ပါတယ်။

Smart Knowledge = Education+Experience

Education နဲ့  Experience ပေါင်းစပ်မှသာ Smart Knowledge ကိုရမှာပါ။
သီးသန့် ချင်းခွဲသွားရင်တော့ အကျိုးရှိမှာ မဟုတ်ပါဘူး။

ဥပမာ Civil Engineer တစ်ယောက်ဟာ Education တစ်ခုတည်းကိုပဲ အားကိုးလို့ မရပါဘူး။
Experience နဲ့ ပေါင်းစပ်မှသာ Smart ကျတဲ့ Engineer ဖြစ်လာမှာပါ။

နောက်ဥပမာကတော့ အလုပ်သမားခေါင်းဆောင်တွေက Civil Engineer တွေထက် Experience
ပိုများပေမယ့် Education ကို မဖြည့် ဆည်းနိုင်ခဲ့လို့  Smart Knowledge ကို မပိုင်ဆိုင်နိုင်ပါဘူး။

ဒါကြောင့် Smart ကျတဲ့ ပညာအရည်အချင်းကို Education နဲ့  Experience တွဲပြီးဖော်ထုတ်သင့်ကြောင်း ရေးသားလိုက်ပါတယ်။

BTech Tin Ko Ko


သင်တန်း

    RC Structure Analysis and Design
    (လက်တွက်+ETABS+KSI Application)
    စသည့်သင်တန်းများစုံစမ်းရန်
    Contact - 09789444780

Created by BTech Tin Ko Ko.