Myanmar Engineering Web Portal: Plastic Bottle Construction (မြန်မာဘာသာဖြင့်)

Plastic Bottle Construction (မြန်မာဘာသာဖြင့်)
















ဒီတည်ဆောက်မှု နည်းပညာကို India မှာ အများဆုံးတွေ့ မြင်နိုင်ပါတယ်။

အထူးသဖြင့် India က Kashmir ပြည်နယ်မှာ အများဆုံးတွေ့ မြင်နေရပါတယ်။
Kashmir ပြည်နယ်ဟာ အလွန်ပူပြင်းတဲ့ ရာသီဥတုဒဏ်ကို ခံရပါတယ်။
Plastic Bottle Construction နည်းပညာနဲ့ တည်ဆောက်ထားတဲ့
အဲ့ဒီ့ဒေသက building တွေက ပူပြင်းတဲ့ရာသီဥတုနဲ့ ဘယ်လိုဆပ်စပ်နေပါသလဲ
ဆက်ဖတ်ကြည့်ပါ။


plastic ဟာနှစ်ရာချီတဲ့အထိ ဆွေးမြေ့ ပျက်စီးခြင်း မရှိပါဘူး။
စွန့် ပစ် plastic တွေက ယနေ့ ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတဲ့ ပစ္စည်းတွေထဲက တစ်ခုပါပဲ။
ဒီပစ္စည်းတွေကို မီးရှို့ ရင်လည်း လေထုညစ်ညမ်းစေပြီး လူသားတွေကျန်းမာရေးအတွက်ထိခိုက်မှု တွေ ရှိလာပါတယ်။
အခု plastic bottle တွေကို Construction material အဖြစ် ဘယ်လို အကျိုးရှိရှိအသုံးချနေလဲ ဆက်လေ့လာရအောင်ပါ။

Construction material ပြင်ဆင်ခြင်း


၁။စွန့် ပစ် plastic bottle တွေကို စုဆောင်းပါ။




၂။plastic bottle ထဲ သဲကျစ်နေအောင်ထည့်ပါ။















၃။bottleအဖုံးကို ကျပ်နေအောင်ပိတ်ပါ။

၎။bottleများ တစ်ခုနှင့်တစ်ခု bind ဖြစ်နေစေဖို့  cement mortar လည်း လိုအပ်ပါတယ်။
















Plastic Bottle Construction ဟာ တစ်ထပ် အဆောက်အဦးတွေအတွက်ပဲ အထူးသင့်လျော်ပါတယ်။
မြေကာနံရံတွေ အဆောက်အဦးနံရံတွေ မြေညီကြမ်းခင်းတွေ မှာ အသုံးပြုနိုင်ပါတယ်။
Non structure member အနေနဲ့ သုံးမယ်ဆို ပိုပြီး safe ဖြစ်ပါမယ်။










ဒီတည်ဆောက်မှုနည်းပညာဟာ အုတ်နဲ့ ကွန်ကရစ် အဆောက်အဦးတွေထက် ကုန်ကျစရိတ် 30%နဲ့ အထက် သက်သာစေနိုင်ပါတယ်။
အုတ်ထက်လည်း ခံနိုင်အားကောင်းတယ်။










အားသာချက်များ
-ကုန်ကျစရိတ် သက်သာတယ်။
-Brittle မဖြစ်ဘူး။(plaster motar ညံ့ ရင်တော့ plaster အက်နိုင်ပါတယ်။)
-ရာသီဥတုနဲ့ ကိုက်ညီတယ်။
-ပြန်အသုံးပြုလို့ ရတယ်။
-Construction material များများစားစား မလိုဘူး။
-Green Construction တစ်ခု ဖြစ်တယ်။











အားနည်းချက်များ
-Plastic က ဖျက်ဆီးရခက်တယ်။
-Plastic မီးလောင်ရင် ထွက်လာတဲ့ gas က သဘာဝပတ်ဝန်းကျင်နဲ့ သက်ရှိတွေရဲ့  ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်။
-Plastic ကို ထုတ်လုပ်ခြင်း၊ ဖျက်ဆီးခြင်းဟာ Ozone လွှာကိုလည်းပါးစေတယ်။
-အမြောက်အများထုတ်ရင် နောက်ပိုင်း ကမ္ဘာ့စွမ်းအင် ပြတ်လပ်မှုအထိ ဖြစ်နိုင်တယ်။
-လေထုကို ညစ်ညမ်းစေတာ သူ့ ရဲ့ အဆိုးဝါးဆုံး အားနည်းချက်ပဲ။










အားနည်းချက်ကို ဖြေရှင်းဖို့  အဆင်ပြေနိုင်မယ့် နည်းလမ်းတချို့ 
-Recycling process တွေသုံးပြီး plastic တွေ ပြန်ထုတ်နိုင်တယ်။
-အခုလည်း vegetable oil နဲ့ organic matter တချို့ ကရတဲ့ oil တွေနဲ့  plastic ထုတ်ဖို့ ကြိုးစားနေကြပြီ။
-သဘာဝဓာတ်ငွေ့ နဲ့ လည်း renewable plastic တွေကို ထုတ်နိုင်တယ်။










နိဂုံးချုပ်ရရင် အလွန်ပူပြင်းတဲ့ ရာသီဥတုဒဏ်ခံရတဲ့ ဒေသတွေမှာ ဒီနည်းပညာက သင့်လျော်တယ်။
နေထိုင်သူတွေအတွက် အပူဒဏ်ကို လျော့ပါး သက်သာစေတယ်။
အလှသက်သက် ရည်ရွယ်တည်ဆောက်ထားတဲ့ hotel တွေ
စားသောက်ဆိုင် တချို့ မှာလည်း ဒီနည်းပညာကို အသုံးပြုလာကြပါပြီ။
ဒီတည်ဆောက်မှုက အထပ်နိမ့်(တစ်ထပ်) လူနေအိမ်လေးတွေအတွက်တော့ အဆင်ပြေနိုင်ပါတယ်။
တခြားနေရာတွေမှာ သုံးနေတာတော့ မတွေ့ ရသေးပါဘူး။












ဒီနည်းပညာဟာ ဘယ်လောက်ထိ တိုးတက်လာ ဦးမလဲ သို့ မဟုတ် ဘယ်လို အားနည်းချက် အားသာချက်တွေများ ထပ်မံရှာဖွေတွ့ ရှိလာဦးမလဲ ဆိုတာ ဆက် စောင့်ကြည့်ရဦးမှာပါ။
မြန်မာပြည်မှာတော့ research လုပ်ထားခြင်း၊စမ်းသပ် တည်ဆောက်ထားခြင်း ရှိမရှိတော့ မသိပါ။


Plastic Bottle Construction နဲ့ ပတ်သက်ပြီး သုတေသန လုပ်ငန်းတွေ ဒီထက်မက တိုးတက်လာပါစေလို့ မျှော်လင့်လျက်။  ။

BTech Tin Ko Ko









သင်တန်း

    RC Structure Analysis and Design
    (လက်တွက်+ETABS+KSI Application)
    စသည့်သင်တန်းများစုံစမ်းရန်
    Contact - 09789444780

Created by BTech Tin Ko Ko.