Load Factor နဲ့  Resistance Factor အပြောင်းအလဲ
Question : ACI ကိုအခြေခံတဲ့
Load Factor တွေကို
1.2D တွေ 1.6 L တွေ
တွက်ကြပေမယ့် ကျနော်တို့ ကျောင်းမှာတုန်းက
1.4D တွေ 1.7L တွေနဲ့ တွက်ခဲ့ရပါတယ်။
Shear Strength တွက်တဲ့ အခါ Phi
တန်ဖိုးတွေကလည်း 0.85 နဲ့တွက်ခဲ့တာကနေ
0.75 တွေ ဖြစ်နေပါတယ်။
Bearing on Concrete အတွက်တွက်တဲ့
Phi  တန်ဖိုးတွေကလည်း 0.7 နဲ့တွက်ခဲ့တာကနေ
0.65 တွေ ဖြစ်နေပါတယ်။
ရှင်းပြပေးပါ။
Answer :
Code Edition ပြောင်းလဲလာလို့ ပါ။
ကျနော်တို့ TU မှာ သင်ခဲ့ရတဲ့ RC Design
သင်ရိုးတွေ ကACI 99 ကို Ref ယူထားတာပါ။
ဒါကြောင့် 1.4 တွေ 1.7 တွေ ဖြစ်နေတာပါ။
အောက်ကပုံကို ကြည့်လိုက်ရင် ရှင်းသွားပါလိမ့်မယ်။
2002 နောက်ပိုင်းထွက်တဲ့ Edition တွေကစပြီး
1.2 D 1.6 L တွေဖြစ်လာသလို Strength Reduction Factor (Resistance Factor)
 တွေကိုလည်း အပြောင်းအလဲ လုပ်လာပါတယ်။
Load Factor တွေလျော့ကျသွားတဲ့အတွက်
 Strength Reduction Factor တွေပါ
လျော့ယူလာတာတွေ့ရပါမယ်။
Flexure အတွက် Phi တန်ဖိုးကတော့
Ref : Concrete Design for Civil PE & SE Exam by Dale Buckner
Maya Institute of Technology and Management
Article
Video Tutorial